အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ် ၅ ရက် နံနက် ၉ နာရီက အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံပါတ်(၁) လမ်း ၊ ထောင်လမ်း ၊ နံပါတ် (၅) လမ်း ၊ တပင်ရွှေထီးလမ်း ၊ ဘုရားလမ်းတို့၌ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့(WFP)မှ ယနေ့နံနက် ၉နာရီက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
Aug 05,2021
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ကူးစက်ပျံ့နှံ့မှုမရှိ စေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်မင်းခေါင်ပန်းခြံ၌ ယမန်နေ့ ညနေ ၄ နာရီချိန်မှ စတင်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ ရတနာသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ပန်းခြံအတွင်း၌လည်းကောင်း ပန်းခြံအပြင်၌လည်းကောင်း လှည့်လည်ရွတ်ဖတ် ပူဇော်ခြင်းများ ပြုလုပ်တော်မူခဲ့ကြသည်။
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ် တိုက်နယ်ဆေးရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကရင်ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉အသိပညာပေးနှိုးဆော်ချက်များအား ကရင်/မြန်မာနှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။