အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလှမိုးထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါး စိုက်ပျိုးရာတွင် အောင်ရေရရှိသည်ထိ အပြည့်အဝရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိနိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည် ။
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၁၀၀၀မှ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား သြဂုတ် ၁၂ရက်​နေ့နံနက် ၉ နာရီအချိန်၌​ မင်းတဲကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ကာ Stay at home ကာလအဖြစ် သက်မှတ်ကြေငြာထားပြီးဖြစ်ရာ ယမန်နေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံ ပြည်သူများ လိုက်နာ မှုရှိ/မရှိ Mobile စနစ်ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲကအင်းကုန်းမြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ၊ အမှတ်(၂)အင်းကုန်းလယ်ယာသုံး စက်ရိယာသုတေသန အလုပ်ရုံ၊ အမှတ်(၂) ပင်မစက်ပြင် အလုပ်ရုံ၊အင်ရောင်း ဆေးဝါးစက်ရုံများမှဝန်ထမ်းများအား ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေ ရရှိသည်ထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိ နိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည် ။
Aug 12,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အသက်(၆၅)နှစ် အထက် ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကတာဝန်ထမ်း ဆောင်သည့် ဝန်ထမ်းများနှင့် ပရဟိတလူမှုရေးအသင်းသားများအား ဩဂုတ်လ(၈) ရက်နေ့က မြို့တော်ခန်းမတွင်အောင်မြင်စွာ ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေး သူတိုင်းအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိရာယနေ့ထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၄၅၅၀)ဦး ကျော် ထိုးနှံပြီးစီးခဲ့ကြောင်းသိရသည်။