ပုဏ္ဏားကျွန်း၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း   ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြပ်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ  ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချ လျက်ရှိသည့်ဆိုင်များအား မြို့နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကိုလင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်နု တို့ပူးပေါင်းအဖွဲ့မှ ဆေးနှင်ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့်  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မြို့နယ်အတွင်း ဆေးဈေးကွက်တွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့်အထောက်အကူပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်ရေး၊ တရားမဝင် ဆေးပစ္စည်းများ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ တို့ကို  ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ ဆေးဆိုင်များကို နေ့စဉ်ဖွင့်လှစ် ရောင်းချပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်