မြောက်ဦး ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့်မြေပုံမြို့နယ်များအတွင်းရှိ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး ယနေ့နံနက် ၁၀ နာရီက ပြည်သူများသိရှိလိုက်နာနိုင်ရန်နှင့်ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပေးချက်များအား မြို့တွင်း အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အဓိကလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာလမ်း ညွှန်ကြားအချက်များအား ရပ်ကွက်နေပြည်သူ များ၊ ကျေးလက်နေပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဆိုင်ရာ ဆောင်ရန်/ ရှောင် ရန်အချက်များအား ပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများပူး ပေါင်းပါဝင်သောအဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အဓီကလိုက်နာရမည့် အချက်များဖြစ်သော တတ်နိုင်သမျှ မိမိအိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မလို အပ်ဘဲမသွားကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို စနစ်တကျမပျက်မကွက်တပ်ဆင်ကြပါရန် စသည့် အချက်များအား ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ကျောက်တော်မြို့နယ်များအတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ လမ်းဆုံ၊ လမ်းခွများ၊ လူစည်ကားရာနေရာများသို့သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများတိကျစွာလိုက်နာကြရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့သွားရောက်ပြီး အသံချဲ့စက်ဖြင့်ကျန်းမာရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း