ပြင်စလူ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူ မြို့တွင်လူစည်ကားရာ နေရာများ ဖြစ်သည့် သင်္ဘောဆိပ်နှင့် ရပ်ကွက်များ အတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များကိုမိဘပြည်သူများ သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေး ကြေညာ ပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ပြင်စလူမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ ပြန် ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်း များ၊ပြင်စလူမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် ယနေ့ နံနက် (၉) နာရီ အချိန်က လိုက်လံအသိပေးနှိုးဆော် ကြေညာ ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နိုးဆော် ဆောင် ရွက်ရာတွင် မြို့ စီမံအုပ်ချုပ်ရေး ဥက္ကဌ ၊မြို့အုပ်ချုပ်ရေးမှူး ၏ ဦးဆောင်မှုဖြင့် အသိပေးနှိုးဆော်ချက်များဖြစ်သည့် မိဘ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ် မနေထွက်ခွာပါက (Mask) နှာခေါင်း စည်း စနစ်တကျ တပ်ဆင်ရန် ၊အခြား သူများနှင့် အနည်းဆုံး(၆) ပေ အကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ပါ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာရည်ဖြင့် စက္ကန့် (၂၀)ကြာအောင် စနစ်တကျလက် ဆေးပါ၊မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့် သည်များအား လက်ခံခြင်းမပြုရန်နှင့် မိမိတို့ ကလည်းအခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ နာတာရှည် ရောဂါဝေဒနာသည် များရှိရာ နေအိမ်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စား သောက်ဆိုင်များတွင် ဝိုင်းဖွဲ့စား သောက် ခြင်းများ ရှောင်ကြဉ်ပါ၊ အတူနေ မိသားစု အတွင်း ဖျားနာသူများ ရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက် လိုက်နာကြရန် စသည့် ကြေညာ ချက်များကို တစ်ဦးတစ်ယောက်ချင်းစီ ကိုယ်စီ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင် ရွက်သွားကြရန် တို့ကိုအများ ပြည်သူ သိရှိ လိုက်နာနိုင်ရေးအတွက် အရှိန် အဟုန်မြှင့် နိုးဆော်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇော်ဝင်းထွန်း (ပြန်/ဆက်)