မကွေး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၈)နာရီ အချိန်က စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို ကြည့်ရှုအားပေးရာတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီး များနှင့်အတူ စက်တင်ဘာ ၁၆ ရက် နေ့ တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တိုင်းဒေကြီးပြည်သူ့ဆေးရုံဝန်းအတွင်း ခရိုင်/မြိုနယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ် တပ်ဖွဲဝင်များ၊ကြက်ခြေနီအသင်းအဖွဲဝင်များနှင့် လူမှုပရဟိတအသင်း အဖွဲများစုပေါင်း၍ တိုင်းဒေသကြီးပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ပေါင်းမြက် များရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း နှင့် အမှိက် သရိုက်များအား အမှိက်သိမ်းယာဉ်များဖြင့် စနစ်တကျ စွန့်ပစ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေကြီး ပြည်သူ့ ဆေးရုံ (၅)ထပ်ဆောင်မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တည်ဆောက်ထားသည့် တစ်ရက်လျှင် ၄၀ လီတာအိုး (၁၀၀)အိုးထွက်ရှိမည့် အောက်ဆီဂျင်စက် ကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)