ပင်းတယမြို့နယ် မဟာရန်အောင် ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေး

ပင်းတယ   စက်တင်ဘာ  

 

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ဈေးတန်းရပ်ကွက်ရှိ မဟာရန်အောင်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အဆိုပါဘုန်းတော်ကြီးကျောင်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ စစ်ဆေးပေးလျက်ရှိသည်။

 

ကိုဗစ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျော်မိုးလွင် နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းကို ဆောင်ရွက်ရာ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျန်းမာ ရေးဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မဟာရန်အောင် ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သံဃာ (၁၂)ပါး ကိုရင်(၂၆)ပါး စုစုပေါင်း သံဃာ(၃၈)ပါးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (Covid 19Ag Test) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ)ကြောင်းသိရသည်။

 

ပင်းတယ( ပြန်/ဆက် )