ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၄၀၆၇)ဦး ထိုးနှံပြီးဖြစ်

ကျောက်ဆည်၊ စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့နံနက်ပိုင်းက စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးပေးလျက်ရှိရာ သံဃာတော်များနှင့် အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများအပါအဝင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးရေ(၄၀၆၇)ဦး ထိုးပြီးကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ ဦးစားပေး အဆင့်အလိုက် ထိုးနှံပေးလျက်ရှိရာ သံဃာတော်(၄၄၂)ပါး၊ အသက်(၆၅)နှစ် အထက် အဘိုး၊အဘွား(၇၀၆)ဦး၊ ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင် (၁၁၁)ဦး၊ နိုင်ငံ့ ဝန်ထမ်း(၆၅၈)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁၀၈)ဦး ၊ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံများမှ(၂၉၅) ဦး၊ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းများမှ(၈၂)ဦး၊ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းကိုင်သူ (၃၄၃)ဦး၊ Super Market နှင့် ဈေးများမှ(၁၃၁၈)ဦး စုစုပေါင်း(၄၀၆၇)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရှိသည်

ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျောနည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက် ရှိကြောင်း သိရှိရသည်

သက်မောင်(ကျောက်ဆည်)