လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

လွိုင်ကော် စက်တင်ဘာ  ၁၁

ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင် နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန် များ ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိ ပြီး ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးများစိုက်ထည့်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိ သူများနှင့် ကျေးရွာပြည်သူများက ထိုင်းငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ ၊ မြက်စားငါးကြင်းကောင်ရေ ၄၀၀၀၀ ၊ ခေါင်းကြီးငါးကြင်းကောင်ရေ ၅၀၀၀ ၊ ရွှေဝါငါးကြင်း ၅၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင် ရေ ၁၀၀၀၀၀ တို့အား ဘီလူးချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)