ဗိုလ်တထောင်မြို့နယ်တွင် သန့်ရှင်းလှပရေးနှင့် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် လမ်းများပြုပြင်ဆောင်ရွက်

ဗိုလ်တထောင် စက်တင်ဘာ ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် လမ်းများ သန့်ရှင်းလှပရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် အနော်ရထာလမ်းမကြီး (သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းကြား) ပေါက်ပြဲပျက်စီးနေသော လမ်းမျက်နှာပြင်များကို ခုတ်စက်စားခြင်း၊ နိုင်လွန်ကတ္တရာခင်း၍ ပြုပြင်မှုကို ယနေ့နံနက် (၆)  နာရီတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအင်ဂျင်နီယာဌာန(လမ်းတံတား) မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဆောင်ရွက်မှုကို တာဝန်ခံအင်ဂျင်နီယာ ဦးသန်းဇော်ဝင်းက ကြီးကြပ်ပြီး ဝန်ထမ်းအင်အား (၁၅) ဦးနှင့် စက်ယန္တရားအပြည့်အစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး   လုပ်ငန်းပမာဏ (၁၆၀၀) စတုရန်းပေ ပြီးစီးကြောင်း သိရသည်။ 

မေနှင်း (ပြန်/ဆက်)