သင်္ဃန်းကျွန်း မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သင်္ဃန်းကျွန်း စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အောင်မင်္ဂလာလမ်း (က) ရပ်ကွက်မှစ၍ ရေကြီးရေလျှံ မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများဆယ်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်ကမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တူးဖော်ရှင်းလင်းခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ်ရှိ အဓိကရေထွက်ပေါက်များအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်များ အား တူးဖော်ဆယ်ယူ၍ ရေစီးရေလာကောင်းမွန်အောင် ရေနုတ်မြောင်းများ ချဲ့ထွင်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရပ်ကွက်အချို့ရှိ ရေနုတ်မြောင်းများအတွင်းတွင် ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိ သူများက ဦးဆောင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)