သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကြောင့် ပြောင်းရွှေ့ရသော  ပုရစ် ၊ရေကောက်ကျေးရွာများသို့  ဒုတိယအကြိမ်(၂)လအတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်

သံတွဲ   စက်တင်ဘာ   ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ ကြောင့် ပြောင်းရွှေ့ရသော  ပုရစ် ၊ရေကောက်ကျေးရွာများသို့   ဒုတိယအကြိမ်(၂)လအတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်  သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း မှ လက်လုပ်လက်စား အိမ်ထောင်စုများသို့  တစ်အိမ်ထောင်လျှင် ငွေ(၁၀)သိန်းကျပ်  ထောက်ပံ့ပေးအပ်ပွဲ ကျင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက အဆိုပါကျေးရွာရှိ စီမံကိန်းရှင်းလင်းဆောင်တွင် ကျင်းပ ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးမြင့်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယအကြိမ် (၂)လအတွက် ဆန်နှင့် ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာများကိုရှင်းလင်းပြောကြားပြီး  သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း မှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက လက်လုပ်လက်စား အိမ်ထောင်စုများသို့  တစ်အိမ်ထောင်လျှင် ငွေ(၁၀)သိန်းကျပ်  ထောက်ပံ့ပေးအပ်ရခြင်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ပြီး့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များက ပုရစ် ၊ရေကောက်ကျေးရွာများရှိပြည်သူများသို့  ဒုတိယအကြိမ်(၂)လအတွက် ဆန်နှင့် ရိက္ခာများ ကိုလည်းကောင်း၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း မှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက  လက်လုပ်လက်စား အိမ်ထောင်စုများသို့  တစ်အိမ်ထောင်လျှင် ငွေ(၁၀)သိန်းကျပ်  တို့ကိုထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူကျေးရွာ သားများက လက်ခံရယူ ကြသည်။ ပြီးနောက် ပုရစ် ၊ရေကောက် ကျေးရွာသူ၊ကျေးရွာသားများကိုယ်စား ဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုရစ်ကျေးရွာရှိ အိမ်ထောင်စု (၁၅၃ )စု ၊ လူဦးရေ (၅၀၉ )ဦး၊ ရေကောက်ကျေးရွာရှိ အိမ်ထောင်စု (၃၀၈)စု ၊ လူဦးရေ (၁၀၅၄) ဦးတို့အတွက် လူတစ်ဦးလျှင် ဆန်နှစ်ဘူးနှုန်းဖြင့် နှစ်လစာ ( ၉၇၉)အိတ်၊ အိမ်ထောင်စု တစ်စုအတွက် တစ်လလျှင် ပဲနှစ်ပိသာနှုန်းဖြင့် နှစ်လစာ (၁၈၄၄)ပိသာ၊  ဆီတစ်လလျှင် နှစ်ပိသာနှုန်းဖြင့် နှစ်လစာ (၁၈၄၄)ပိသာ၊ ဆား တစ်လလျှင် တစ်ပိသာနှုန်းဖြင့် နှစ်လစာ (၉၂၂)ပိသာနှင့် သူဌေးချောင်းရေအားစီမံကိန်းမှ လက်လုပ်လက်စား အိမ်ထောင်စုများဖြစ်သည့် ရေကောက်ကျေးရွာမှ အိမ်ထောင်စု (၂၅၀)စု ၊ ပုရစ်ကျေးရွာရှိ အိမ်ထောင်စု (၁၁၆)စု စုစုပေါင်း အိမ်ထောင်စု (၃၆၆)စုအတွက် တစ်အိမ်ထောင်လျှင် ငွေ(၁၀)သိန်းကျပ်  ဖြင့်  သိန်း(၃၆၆၀) တိတိ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်