အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်​ အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ဖောင်ကြီး လမ်းခွဲတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲပြိုကာ ယာဉ်ကြောပိတ်ဆို့နေကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ လ/ထမီးသတ်ဦးစီးမှူး ဦးသိန်းမင်းထွေး ဦးဆောင်သော ရှာဖွကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များက အချိန်မီ သွားရောက်ခုတ်ထွင် ရှင်းလင်းခဲ့သည်။
Aug 19,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Aug 19,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အသက် (၆) လမှ (၅) နှစ်အောက် ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီမှစတင်၍ ပလောက်တိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
Aug 19,2020
တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာ သန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ မအူကုန်းရပ်ကွက်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်နှင့် နတ်ချောင်းရပ်ကွက်များသို့ ကွင်းဆင်း၍ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် (Vitamin A) ဆေးများ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရေးအတွက် မဲစာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
Aug 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ထိန်သာဟိုတယ်၌ နံနက်(၉) နာရီခွဲက ကမ်းလမ်းမေတ္တာဖွံ့ဖြိုးရေး အဖွဲ့ အစည်းနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အိမ်တွင်းအကြမ်းဖက်မှုများလျှော့ချရေး သင်တန်းဖွင့်လှစ်ကြောင်း သိရ သည်။
Aug 19,2020
ပိတ်စနှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျိုင်းတုံမြို့၊ အမှတ်(၁) ရပ်ကွက်၊ စွန်မွန်းရပ်နေ ဒေါ်အောင်မေစိုးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးထားသည့် Post Card ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီက ပေးအပ် ချီးမြှင့်ခဲ့ကြသည်။