တိုက်ကြီး ဩဂုတ် ၁၉
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းစိုး(ခ)ချိုတူး က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၉၅)အုပ်စု ရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ပုံစံ(၃)၊ ပုံစံ (၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် ဆန္ဒပြုတင်ပြလာသည့်အပေါ် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေး စာရင်း ဇယား လက်ခံရေး မြေပြင်လုပ်ငန်းအဖွဲ့က လက်ခံဆောင်ရွက်ပြီး မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာ စာရင်းသွင်း ဆောင်ရွက်နေသည့် အခြေအနေ၊ ဆောင်ရွက်ပြီးသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိရေးအတွက် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေး လုပ်ငန်းကော်မတီဝင်များက စိစစ်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသော မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်း ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
စန်းကလျာခိုင်(ပြန်/ဆက်)