ပလောက်မြို့၌ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးများတိုက်ကျွေး

ပလောက် ဩဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၁) ရပ်ကွက်အတွင်းရှိ  အသက် (၆) လမှ (၅) နှစ်အောက်ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီမှစတင်၍ ပလောက်တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေဆေးတိုက်ကျွေးခြင်းကို ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ရီသိန်းနှင့်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကလေးများအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေး၊ မိုးရာသီကာလအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေး ကလေးများကိုဂရုစိုက်ကြရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်