ကျိုင်းတုံ ဩဂုတ် ၁၉
ပိတ်စနှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျိုင်းတုံမြို့၊ အမှတ်(၁) ရပ်ကွက်၊ စွန်မွန်းရပ်နေ ဒေါ်အောင်မေစိုးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရေးထိုးထားသည့် Post Card ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီက ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
၂၀၂၀ပြည့်နှစ်၊ မေလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Facebook account မှကြေညာ၍ ဆောင်ရွက်ခဲ့သော Covid-19 ကာကွယ်၊ ထိန်းချုပ်ရေးအိမ်တွင်းဖြစ် ပိတ်စ နှာခေါင်းစည်း(Mask) ချုပ်လုပ်မှုပြိုင်ပွဲသို့ Comment boxမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်စုစုပေါင်း (၂၁၁၂၀)ဦးရှိပြီး ရှမ်းပြည်နယ်မှပြိုင်ပွဲဝင်သူဦးရေ (၁၅)ဦးရှိရာ အဆိုပါပြိုင်ပွဲဝင် များအား စတုတ္ထအသုတ်အဖြစ် ပြိုင်ပွဲဝင်များထံသို့ အမှတ်တရအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏လက်မှတ်ရေးထိုးထားသည့် Post Card တစ်ခုစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)