တိုက်ကြီး ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ဖောင်ကြီးလမ်းခွဲတွင် ယနေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲပြိုကာ ယာဉ်ကြောပိတ်ဆို့နေကြောင်း သတင်း အရ မြို့နယ် မီးသတ်ဦးစီးဌာနမှ လ/ထ မီးသတ်ဦးစီးမှူး ဦးသိန်းမင်းထွေး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက် ခုတ်ထွင်ရှင်းလင်းခဲ့သည်။
ထိုသို့ ရှင်းလင်းဆောင်ရွက်ရာတွင် လူနှင့်အဆောက်အဦများ ထိခိုက်မှုမရှိအောင် ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ပြီး မြို့နယ် မီးသတ် ဦးစီးဌာနနှင့်အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။
စန်းကလျာခိုင်(ပြန်/ဆက်)