Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂန့်ဂေါမြို့နယ်မှ ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာမြေပြိုမှုဖြစ်စဉ်တွင် ပါဝင်သည့် မိသားစု(၈)ဦးထံ ထောက်ပံ့ ကြေးငွေများပေးအပ်
Aug 10,2020
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်၊ ဝှေ့ခါးကျေးရွာ၌ မြေပြိုမှု ဖြစ်စဉ်တွင် ဂန့်ဂေါမြို့နယ်မှ ပါဝင်သူ(၈)ဦး၏ မိသားစုထံ ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မိသားစုနေထိုင်သည့် ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ၊ မောက်ကျေးရွာနှင့် ဟံသာဝတီကျေးရွာများသို့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ မဲစာရင်းကြေညာသည့်ရက်တိုးမြှင့်ခြင်းအား အသိပေးကြေညာ
Aug 10,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသောမဲဆန္ဒရှင်ပြည်သူများစာရင်း မကျန်ရှိစေရေးအတွက် အသိပေးကြေညာခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက် ၂၅.၀၆ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်းတိုး
Aug 10,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက်က တစ်နိုင်ငံလုံး၌ ထုတ်ပြန် ကြေညာခဲ့ရာ တီးတိန်မြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၂၅.၀၆ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုံများ ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း ယမန်နေ့ နံနက်(၉)နာရီက စက်မှုဇုံများ ဓါတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေ ရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၇)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေး အတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၈ ရက်နေ့၊ ညနေ(၆)နာရီအချိန် က(၁၈)ဦးနှင့် ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က(၄၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၆၇)ဦးတို့အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 10,2020
ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားရေးကဏ္ဍ ထိခိုက်မှု များကို ပြန်လည် ကုစား ရန် ရည်ရွယ်လျှက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း စစ်ကိုင်းခရိုင်၊ မြင်းမူ မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် အကောင်အထည် ဖေါ်ဆောင်ရွက်ပေးလျှက်ရှိရာ ညောင်းရင်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ဩဂုတ် လ (၁၀)ရက်နေ့ထိ (၃၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့အတွင်း နိုင်ငံတော်အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ် အရောက်ပေးအပ်
Aug 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် ကျေးလက်မီးလင်းရေးစီမံကိန်းအစီအစဉ်ဖြင့် လျှပ်စစ်မီးစတင် ရရှိပြီဖြစ်
Aug 10,2020
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဖော်ဆောင်လျက်ရှိသော အမျိုးသားလျှပ်စစ် စီမံကိန်း(NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့က စတင်၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25335
Page
25336
Page
25337
Page
25338
Current page
25339
Page
25340
Page
25341
Page
25342
Page
25343
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department