တီးတိန် ဩဂုတ် ၁၀
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက်က တစ်နိုင်ငံလုံး၌ ထုတ်ပြန် ကြေညာခဲ့ရာ တီးတိန်မြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၂၅.၀၆ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် စာမေးပွဲအောင်ချက် ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
တီးတိန်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂ဝ၃ ဦးရှိခဲ့ရာ စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၅၅၂ ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၅.၀၆ ရှိသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တီးတိန်မြို့နယ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ၂၂.၀၂ ရှိသည့်အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည် ယခင်နှစ်ထက် တိုးတက်လာကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)