Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်တန်းမြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 09,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများသည် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၃၂) ဦးအောင်မြင်
Aug 09,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၀၀ နာရီ ခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့နယ်အတွင်း အောင်ချက် ( ၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိကြောင်း ဖလမ်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၃)ကြိမ်မြောက် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့်ကျသင့်အတိုးငွေများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 09,2020
ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့တွင် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ရွာသစ်မြို့ အထကျောင်း၏ တက္ကသိုလ်ဝင်တန်းအောင်ချက် (၁၆.၆၇) ရာခိုင်နှုန်းရှိ
Aug 09,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်း များကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး
Aug 09,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရေကြီးမှုအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်တိုင်ကျေးရွာ၊ ပန်တိုင်-ဒေါင့်ကြီးတာပေါ်ရှိ ပန်တိုင်ရေထိန်းတံခါးအမှတ် (၂) အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်စာစစ်ဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးတက်လာ
Aug 09,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက် ယနေ့တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရိခေါ်ဒါရ်မြို့ စာစစ်ဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုသူ (၃၂၀၅၀) ဦးရှိပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ကန့်ကွက်ခြင်းလုပ်ငန်းများအားဆောင်ရွ…
Aug 09,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင်လ(၂၅) ရက်နေ့မှ စတင်ကာ မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 09,2020
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲနှင့် ရန်ပုံငွေစီမံကိန်းစာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25333
Page
25334
Page
25335
Page
25336
Current page
25337
Page
25338
Page
25339
Page
25340
Page
25341
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department