မယ်စဲ့မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မယ်စဲ့ နိုဝင်ဘာ ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က ပြည်သူလူထု အနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အွန်လိုင်းမှ တစ်ဆင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ပန်းခင်း စီမံချက်ကို နိုင်ငံတစ်ဝှမ်းတွင် စတင်ဆောင်ရွက်ခဲ့ပုံ၊ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ ယင်းသို့ ဆောင်ရွက်ရာတွင် အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ် အထက်များကို နေထိုင်မှုပုံစံ ၄ မျိုးနှင့် ဆောင်ရွက်ပေးနေမှုနှင့် လက်ရှိတွင် မယ်စဲ့မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှု အခြေအနေတို့ကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)