ရှားတော နိုဝင်ဘာ ၁၆
ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ Positive လူနာနှင့် ထိတွေ့ခဲ့သည့် Contact Person (၃၄)ဦးအား ယနေ့တွင် Tast Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive (၆)ဦး ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့သူ(၆)ဦးကို ရှားတောမြို့နယ် အ.ထ.က-ကျောင်း Positive Centre သို့ လွှဲပြောင်းထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူစေခဲ့သည်။ ပိုးတွေ့သူများနှင့် ထိတွေ့ခဲ့သည့် Contact Person များအား ဆက်လက်ရှာဖွေ၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။ ရှားတော မြို့နယ်တွင် နိုဝင်ဘာလ (၁၄)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ စုစုပေါင်း(၁၀၄)ဦးရှိပြီး ဆေးရုံတက်ရောက်ကုသဆဲ(၉၇)ဦးနှင့် ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ(၇)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီထံမှ သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)