မိုးညှင်း နိုဝင်ဘာ ၁၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အွန်လိုင်းအသိပညာပေး ဟောပြောခြင်းနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ မွန်းတည့် (၁၂)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက် ခဲ့သည်။
အွန်လိုင်းအသိပညာပေး ဟောပြောရာတွင် မိုးညှင်းမြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှူး ကဗျာဆရာမင်းကိုဦး(မိုးညှင်း)က တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းအကြောင်းကို ယနေ့ခေတ်လူငယ်များ၊ ပြည်သူများနှင့် ကျောင်း သား /သူများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ရည်ရွယ်ပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး စာအုပ်စာစောင်ပြပွဲတွင် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် စာအုပ် စာစောင်များ၊ အမျိုးသားစာပေဆုရစာအုပ်များ၊ စာဖတ်ဝါသနာရှင်များ အသိပညာ ဗဟုသုတ ရရရှိစေမည့် သုတ/ရသ စာအုပ်များ၊ ဆေးပညာရပ်များ ပါဝင် သည့် စာအုပ်များ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့်စာအုပ်များ၊ သမိုင်း၊ ပထဝီနှင့် အတ္ထုပ္ပတ္တိစာအုပ်များစသည်တို့ကို ခင်းကျင်းပြသကာ စာဖတ်ဝါသနာရှင်များနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့က စိတ်ဝင်တစားစွာဖြင့် လာရောက် ဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်