အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဇေယျာသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင် နှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ပြည်သူ့စာကြည့်တိုက် အတွင်း၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သင်းမြတ်မွန်က “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် စာအုပ်စာစောင်နှင့် နံရံကတ်စာစောင်ပြပွဲ ရည်ရွယ်ချက်နှင့် ကျောင်းသား/ ကျောင်းသူ များ အသိပညာဗဟုသုတတိုးပွားစေရန် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ကောင်းမွန်လာစေရန်နှင့် အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်းကို ကလေးငယ်များ သိရှိစေရန် ရည်ရွယ်၍ ယခုလိုပြပွဲများဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်များအားကြည့်ရှုခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန် “၁၀၁”နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  ဘောလုံးသယ်ဂိမ်းကစားခြင်းနှင့် သရေကွင်းသယ်ဂိမ်းကစားခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စု၊ သစည်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ (၂၇) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

အေးလင်းထွန်း