ဟိုပုံး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စုပေါင်းကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က တုံခမ်းကျောင်းတိုက်တွင် ပြုလုပ်ကြသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီ ညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီ ညီညီတင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များကို ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားနာယူပြီး လှဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကြပြီး ဩကာသကန်တော့်ကျိုးဖြင့် သံဃာတော်များအား ကန်တော့၍ ဗုဒ္ဓသာသနံစိရံတိဌ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)