အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်ဒေသတွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းသဖြင့်၊ မိုးနှောင်းကာလဖြစ်သည့် ဩဂုတ်လ စတုတ္ထပတ်တွင် စတင်စိုက်ပျိုးခဲ့သော ဒေသအခေါ် ဆောင်ခရမ်းချဉ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင် သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း ဗြူကြီးကျေးရွာ တောင်သူ တစ်ဦးထံမှ သိရသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးတွင် နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်က ပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ၊အပန်းဖြေအနားယူကြသူများနှင့်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသယာအေးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နံနက်ပိုင်းက သံသယာအေးစေတီ တော် မြတ်ကြီး၏ ရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော် အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
Nov 18,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ဌာနဆိုင်ရာများနှင့် မြို့မြို့ဖများ ဦးဆောင်မှုဖြင့် ပထမအကြိမ် မြို့လုံးကျွတ် သံဃဒါနဆွမ်းတော်လောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မအားကစားကွင်း ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်စေရန် ရည်ရွယ်၍  မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မန်ဆန် ကျေးရွာတွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။