အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အင်္ဂပူမြို့နယ်လုံးဆိုင်ရာစုပေါင်း မဟာဘုံကထိန်ပွဲတော် ကို ယနေ့နံနက်၈နာရီကအင်္ဂပူမြို့ဇေယျသုခကျောင်းတိုက်တွင်ပြုလုပ်ကျင်းပခဲ့သည်။
Nov 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့က အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ သမန်းကိုင်းရပ်ကွက်ရှိ မြိုင်ကျောင်းတိုက်၌ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက (၂၈)ကြိမ်မြောက် ကသာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ  ဝန်ထမ်း ပေါင်းစုံ စုပေါင်းမဟာဘုံကထိန်၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ ၊ ဆင်ထိုးကြီးကျေးရွာအုပ်စု တွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ၏လမ်းညွှန်မှုအရ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ ပူးပေါင်း၍ ယမန်နေ့ ညနေ(၃)နာရီအချိန်မှစပြီး ဆင်ထိုးကြီးကျေးရွာအုပ်စု အတွင်း မှီတင်း နေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ လာရောက်ထိုးနှံနိုင် ရေးကိုအသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။  
Nov 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်းတိုက်တွင် (၂၆)ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်း အနားကို နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည်။
Nov 18,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ (၄၆) ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်ပွဲကို ယနေ့ နံနက် (၈) နာရီ အချိန်က မြင်းခြံမြို့ မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
Nov 18,2021
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကောလင်းခရိုင်၊ပင်လည်ဘူးမြို့နယ်၏ (၂၁)ကြိမ်မြောက်  မြို့နယ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ပင်လည်ဘူးမြို့​ပေါ်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက် ၌ ကျင်းပခဲ့သည်။
Nov 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၂၀)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝိန်းလိတ်ရပ်ကွက် အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌  ကျင်းပခဲ့ကြကြောင်း သိရသည်။