ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်

ကမမောင်း      နိုဝင်ဘာ ၁၈

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်‌အေးနှင့် ဝန်ထမ်းများက မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည် များလက်မခံရန် နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက် ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှပြန်လာတိုင်း mask များကို စနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက  နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ စျေးရောင်းသူများအနေဖြင့်လည်း ပါဆယ်စနစ်ဖြစ်သာ ရောင်းချရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အို များနှင့် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကမမောင်းမြို့(ပြန်/ဆက်)