မြန်အောင် နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများအတွက် ASEAN AHA Center မှပေးပို့လှူဒါန်းသော Oxygen Concentrator (10 Liter) စက်များကို ယနေ့နံနက်က မြန်အောင်ပြည်သူ့ဆေးရုံတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ASEAN AHA Center မှပေးပို့လှူဒါန်းသော Oxygen Concentrator (10 Liter) ၄ လုံး ( မြန်အောင်ပြည်သူ့ဆေးရုံ ၂ လုံး၊ အင်ပင်တိုက်နယ်ဆေးရုံ ၁ လုံး၊ ရွှေကျင် တိုက်နယ် ဆေးရုံ ၁ လုံး)တို့ကို ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်တို့ကပေးအပ်လှူဒါန်းရာ မြန်အောင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဝင်းနှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမောင်ဝင်းတို့က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် Oxygen Concentrator (10 Liter) ၂ လုံး၊ Oxygen Cylinder (15 Liter) ၄ လုံးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် သုံးအဆောင်ပစ္စည်း(၁၃)မျိုးတို့အား ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌမှ ပေးအပ်ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျေး ဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ် (မြန်အောင်)