မိုင်းယန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား ယနေ့နံနက်ပိုင်းက ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀) ကြာမကြာခဏဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသယ်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ နေအိမ်ရှိပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးကရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)