နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေး

နတ်မောက်   အောက်တိုဘာ      ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်ပါအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ           ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ မ(၁)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၃)ဦး၊ မ(၂)ဦး၊ လဲလှယ် ကျား (၂၉)၊ မ(၂၀)၊ မိတ္တူ ကျား(၁၄) မ (၄) စုစုပေါင်း (၇၃)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့ နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်း ပျက်စီး/ပျောက်ဆုံး သူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သင်းသင်းမြတ်