ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ အမျိုးသားအောင်ပွဲနေ့ အကြိုအသိပညာ ပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငရုတ်ကောင်း၊ နိုဝင်ဘာ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ ယမန်နေ့နေ့လယ်၁နာရီက (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာ ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင် ကရေကျော်ကျေးရွာ အလယ်တန်းကျောင်းမှကျောင်းသူ၊ ကျောင်းသားများအားအမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းတို့အားပြောကြားပြီး၊အမျိုးသားနေ့နှင့်ပတ်သတ်သည့် စာအုပ်၊စာစောင်များ၊သုတရသ စာအုပ်များကိုပြသပေးခဲ့ကြောင်းနှင့် အမျိုးသားနေ့ပတ်သတ်သည့် ပန်းချီ၊ ကာတွန်းဆောင်းပါးများတို့ကိုပြသပေးခဲ့ကြောင်းသိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)