အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား အနာဂါတ်လူငယ်များ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်များကို သိရှိနားလည်စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန် ထက်မြတ်လာစေရန် ရည်ရွယ်၍ ဈေးတောင်ရပ်ကွက်၊ (အမှတ်-၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
Nov 19,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အကြို ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
Nov 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန် ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
Nov 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက  (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Nov 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က စာကြည့်တိုက်လုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် လုပ်ငန်းများကို လွယ်ကူလျှင်မြန်စွာဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ "စာကြည့်တိုက် ယဥ်ကျေးမှု"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊တာမိုးညဲမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကိုယနေ့နံနက်(၁၀)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊CommunityCentreခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။