ဇမ္ဗူသီရိမြို့နယ်၌ “အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ  နိုဝင်ဘာ   ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက  (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုးက “အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာ ပေး” Talk Show  ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စာရေး ဆရာခိုင်မင်း (နေပြည်တော်)က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်းလိုက်သော ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေပါအချက်များ၊ ဗြိတိသျှအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ဖိနှိပ်ချုပ်ချယ်မှုများစွာဖြင့် ရေးဆွဲ ပြဌာန်း လိုက်သည့်တက္ကသိုလ်ဥပဒေကို စတင်သပိတ်မှောက်တော်လှန်ခဲ့သည့် အကြောင်းများ၊ အမျိုးသားကျောင်းများ တည်ထောင်ရသည့်အကြောင်းအရင်းများ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး လုပ်ဆောင်ရမည့်အချက်များ စသည့် အကြောင်းအရာ များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)