မိုင်းလုံ နိုဝင်ဘာလ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန် ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
ယခုလို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းနှင့်အညီဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များ စာအုပ်စာပေများကိုပိုမိုဖတ်စေရန်၊အမျိုးသားနေ့ကို အမြဲအမှတ် ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုစေရန်ရည်ရွယ်၍ တေဇရုပ်စုံစာအုပ်တွင်ပါရှိသော ကလေးကဗျာများကို ဖတ်ကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအနေဖြင့် ပြိုင်ပွဲတွင် ဆုရကလေးငယ်များ အား ဆုချီးမြှင့်ပြီး ပြိုင်ပွဲဝင်ကလေးအားလုံးကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)