(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ် ပြပွဲများကျင်းပ

အမ်း နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား အနာဂါတ်လူငယ်များ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်များကို သိရှိနားလည်စေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန် ထက်မြတ်လာစေရန် ရည်ရွယ်၍ ဈေးတောင်ရပ်ကွက်၊ (အမှတ်-၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ မွန်းတည့်  ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။

စာစီစာကုံးပြိုင်ပွဲကို (အမှတ်-၂) အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်သူ(၂၀)ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊  စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်၊ အမှတ်ပေး စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ချက်များ၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်သူများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အထိမ်းအမှတ် ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်သူများအား အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

စိုးမင်းထွန်း