တာမိုးညဲ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊တာမိုးညဲမြို့၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကိုယနေ့နံနက်(၁၀)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊CommunityCentreခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်ခေါ်မိုင်ကဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံသမိုင်းအကျဉ်းတို့အားပြောကြားပြီးတက်ရောက်လာကြသော ဒေသခံပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အမျိုးသားနေ့ပတ်သက်သည့် စာအုပ်စာစောင်များ၊သုတရသစာအုပ်များကို ပြသ ပေးခဲ့ကြောင်းနှင့်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိုးသားနေ့ပတ်သက်သည့်ပန်းချီ၊ ကာတွန်း၊ဆောင်းပါးများတို့ကိုပြည်သူများစိတ်ပါဝင်စားစွာကြည့်ရှုနိုင်စေရန်ရည်ရွယ်၍ပြသခြင်း ဖြစ်ကြောင်းသိရသည်။
(ခေါန်မိုင်)