နမ့်ခမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center )ခန်းမတွင် စာကြည့်တိုက်ဆိုင်ရာယဥ်ကျေးမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

နမ့်ခမ်း      နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က စာကြည့်တိုက်လုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် လုပ်ငန်းများကို လွယ်ကူလျှင်မြန်စွာဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ "စာကြည့်တိုက် ယဥ်ကျေးမှု"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက် လက်ထောက်(၃)ဦးရိုင်အောင်ဆန်းက စာဖတ်ခြင်းနှင့်ပတ်သက်သော အတွေးများ၊ ရုပ်သံ ကျွမ်းကျင်(၃) ဒေါ်လွေးအေးအေးဟန်က ကိုလိုနီခေတ်ကကျေးရွာစာဖတ်အသင်း၊ အငယ်တန်းစာရေးဒေါ်လွေးစောခင်က လွယ်အိတ်စာကြည့်တိုက် စသည့်အကြောင်းအရာများ ကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေါ်စန္ဒာဝင်းကမိမိတို့ရုံးစာကြည့်တိုက်ကိုလည်း စာဖတ်စာငှားသူများ တိုးတက်လာ စေရေး၊စာဖတ်သူများအတွက် ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဝန်ထမ်း များနှင့်အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)