ကျိုင်းတုံ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း၌ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အကြို ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်ခိုင်နှင့် အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်းအုပ် ဒေါ်အိအိခိုင် တို့က အပြည်ပြည်ဆိုင်ရာ ကလေးများနေ့အကြောင်းနှင့် ကလေးသူငယ် အခွင့်အရေး၊ ကာကွယ် စောင့်ရှောက်ရေးအကြောင်းများကို ဟောပြောခဲ့သည်။
ထို့နောက် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူတို့က သိရှိလိုသည်များကို မေးမြန်းရာ ခရိုင် လူမှုဝန်ထမ်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)