ကျွန်းလှ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ အသက် ၅၅ နှစ်အထက်ရှိသူများ၊ နာတာရှည်ရောဂါ သည်များ၊ မသန်းစွမ်းသူများနှင့် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ၁၁၄၂၅ ဦးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဆေးထိုးရန်ကျန်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မျိုးဝင်းညို