မက်မန်း နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်ရေးဆွဲကာ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လ) အထိ(၆)လအတွင်း ငွေလုံးငွေရင်း လုပ်ငန်း(၃)ခုအား ခန့်မှန်းကုန်ကျငွေ ကျပ်(၂၂၆၀၀၀၀၀)ဖြင့် လည်းကောင်းမြို့ သာယာလှပရေး သာမန်ပြင်ထိန်းလုပ်ငန်း(၄)ခုအား ခန့်မှန်ကုန်ကျငွေကျပ် (၁၁၂၀၀၀၀) ဖြင့်ဆောင်ရွက်သွားမည်။
အဆိုပါ ငွေလုံးငွေရင်းလုပ်ငန်းများမှာ မက်မန်းမြို့ မင်းသုခလမ်း ကွန်ကရစ်ခင်းခြင်း၊ မင်းရန်အောင်လမ်း ကွန်ကရစ်ခင်းခြင်း၊ မြို့လယ်တြိဂံကျွန်း ပြုလုပ်ခြင်းနှင့်မီးအလှဆင်ခြင်းလုပ်ငန်း၊ မြို့လယ်တြိဂံကျွန်း၊ သာမန်ပြင်ထိန်း လုပ်ငန်းများဖြစ်သည့် 1Q 9560တာရာလဲလည်ခြင်း၊ ပျိုးအိတ်ဝယ်ယူ၍ ပျိုးပင်များ ပျိုးထောင်ခြင်း၊ မြို့ဝင် ဆိုင်းဘုတ် နှင့်ရုံးရှေ့မြေထိန်းနံရံဆေးသုပ်ခြင်း၊ ပျိုးဉယာဉ် အမိုးအကာပြုပြင်ခြင်း စသည့် လုပ်ငန်းများအား(၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် (၆)လပတ်အတွင်း မက်မန်းမြို့နယ် စည်ပင် သာယာရေး ဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး