ဒေးဒရဲ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ်ခင်းခြင်းနှင့် လမ်းကူးတံတားတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား တာဝန်ရှိ သူများက ယမန်နေ့ နေ့လည်ပိုင်းကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျတ်ပစ္စည်း တင်ဒါ ဖြင့် ဆောက်လုပ် လျက်ရှိသော ရတနာလမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရုံးကြီးကွက်သစ်(၄) လမ်းနှင့် ဗိုလ်ဘဌေး လမ်းဆုံ လမ်းကူးတံတား တည်ဆောက်နေမှုအား တာဝန်ရှိသူများနှင့် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
အေဇာလင်း