အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ယနေ့  နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ရှမ်း၊မြန်မာ ဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို  အုန်းကြောရွာဟောင်း ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာမူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၁၂)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ(၁၇)ဦး၊ ပေါင်း(၂၉)ဦး ကို ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ စစ်ဆေးသည့်သူများမှ အသက် (၅၁) နှစ် အရွယ်အမျိုး သမီး (၁) ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ စစ်ဆေးသည့်သူများအနက် အသက် (၃၅)အရွယ်၊ အသက် (၂၈) အရွယ်၊ အသက် (၂၅) အရွယ် အမျိုးသား (၃) ဦးတို့၌ ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ယနေ့တွင် မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦးထပ်မံ တွေ့ရှိပြီး၊ မိုင်းရှူးမြို့နယ်ဆေးရုံမှ ပြန်လည်ကျန်းမာလာသူအမျိုးသမီး (၂)ဦးရှိကြောင်း သိရသည်။
Nov 22,2021
ကချင်ပြည်နယ် ၀န်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ၊‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုးဦစီးဌာန ပြည်နယ်ဦးစီးမှူး၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် အတူ ယမန်နေ့ ‌မွန်းလွဲ ၁ နာရီ အချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီကယ်ဆေးရေး စခန်းများမှ အိမ်ထောင်စု (၁၆)စုအား ပလန ကျေးရွာအုပ်စု ၊ ငွေပျော်စံပြကျေးရွာအတွင်း အသစ် ဆောက်လုပ်ပြီးစီးခဲ့သည့် တန်ဘိုးနည်း အိမ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
Nov 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ယနေ့နံနက်၇နာရီမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ လစဉ်ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၇)နေရာတွင်  ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Nov 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက(၁၉၅၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နှစ်ထက်ဝါမျိုးစုံ(၁၅)ဧက ပိုမိုစိုက်ပျိုး နိုင်ခဲ့ကာ ယခုအခါဝါများကောက်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။