မြင်းမူ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက(၁၉၅၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နှစ်ထက်ဝါမျိုးစုံ(၁၅)ဧက ပိုမိုစိုက်ပျိုး နိုင်ခဲ့ကာ ယခုအခါဝါများကောက်ယူရရှိပြီး ရောင်းချလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ဝါအမျိုးအစားများ အနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း မွန်သည့် ရွှေတောင်(၈)မျိုးကို အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက် ဝါ(၁)ဧကလျှင် ဝါပိသာချိန် (၆၀၀)ခန့်နှင့် ဖြည့်စွက်ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက ဝါပိသာချိန်(၈၀၀)ခန့် ထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍ ဝါများကောက်ယူ ရောင်းချရကြောင်း သိရသည်။
ယခင်လများတွင် ကောက်ယူရောင်ချချိန်တွင် မိုးတွင်းရာသီဖြစ်သည့်အတွက် အစိုဓါတ်ပါဝင်မှုများကြောင့် ဝါအရည်အသွေးမပြည့်မီသည့်အတွက် ဝါ(၁)ပိသာလျှင် ငွေကျပ်(၁၀၀၀) ဈေးသာရောင်းချရသော်လည်း ယခုမိုးလွတ်ရာသီတွင် ဝါ(၁)ပိသာလျှင် ငွေကျပ်(၁၅၀၀)ဈေးရရှိ နေကြောင်းနှင့် ယခင်နှစ်တွင် ဝါ(၁)ပိသာလျှင် ငွေကျပ်(၁၆၀၀)အထိ ရောင်းချခဲ့ရကြောင်း၊ ဝါစိုက်တောင်သူ ဦးမောင်စိုး ထံမှ သိရသည်။
အောင်စိုးဖေ(မြင်းမူ)