အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2021
မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲ စိုက်ဧက လေးသောင်းကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Nov 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ အသက် (၁၂)နှစ်နှင့်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများအား ယနေ့ နံနက် ၉ နာရီခန့်က စတင်၍ သတ်မှတ်ထားသည့််ဆေးထိုးစု ရပ်နေရာများ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယ အကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Nov 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးယိုနှင့် ဖျော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်းသိရသည်။
Nov 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အထက်တန်း‌ကျောင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ‌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယဆေး ထိုးပတ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ချောင်းသာမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Nov 22,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စက်ရုံအလုပ်ရုံ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်  မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ် သတ်ဖွဲ့နှင့် စက်ရုံသီးသန့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆောင်ကောင်း ကုမ္ပဏီ တွင် ယနေ့ နံနက်(၉)နာရီက ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ခဲ့ကြသည်။