မိုင်းရှူး နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ယနေ့နံနက်၇နာရီမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ လစဉ်ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် မြို့ပြပင်စင်စား(၇၆)ဦး၊ မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား(၂)ဦး၊ ကာကွယ်ရေးပင်စင်စား (၁၂၉) ဦး၊ နိုင်ငံရေးပင်စင်စား(၂၉) ဦး ၊ စုစုပေါင်း ပင်စင်စား မိဘ ပြည်သူ (၂၃၆) ဦးရှိပြီး ပင်စင်စားမိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရန် လစဉ်၂၁ရက်နေ့မှ နောက်လ၂၀ရက်နေ့အထိ ပင်စင်များ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်သူ(မိုင်းရှူး)