မြဝတီ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓါတ် ရှင်သန် ထက်မြတ်ရေးနှင့် သိမှတ် စရာများအား အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စီစဉ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသီ၊ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံတို့က ကျောင်းသား၊ကျောင်းသူများအား ဖြန့်ဝေ ပေးသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားရေးစိတ်ဓါတ်ဆိုင်ရာ ကဗျာ၊ ဆောင်းပါးနှင့် အခြား သိမှတ်ဖွယ်ရာများ ဖော်ပြထားကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)