ကြံခင်း နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာမူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန မြို့နယ်ဦးစီးမှုး ဒေါ်လှိုင်ပို့ပို့ဇင်မှ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဆေးရောင်ခြယ်ယှဉ်ပြိုင်ကြပြီး ဝင်ရောက်ယှဉ်ပြိုင် ကြသော ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှုးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)