မိုင်းရှူး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၁၂)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ(၁၇)ဦး၊ ပေါင်း(၂၉)ဦး ကို ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ စစ်ဆေးသည့်သူများမှ အသက် (၅၁) နှစ် အရွယ်အမျိုး သမီး (၁) ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ စစ်ဆေးသည့်သူများအနက် အသက် (၃၅)အရွယ်၊ အသက် (၂၈) အရွယ်၊ အသက် (၂၅) အရွယ် အမျိုးသား (၃) ဦးတို့၌ ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ယနေ့တွင် မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ(၄)ဦးထပ်မံ တွေ့ရှိပြီး၊ မိုင်းရှူးမြို့နယ်ဆေးရုံမှ ပြန်လည်ကျန်းမာလာသူအမျိုးသမီး (၂)ဦးရှိကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ဇူလိုင်လ ၄ ရက် နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄၃၉)ဦး၊ ဆေးရုံဆင်းသူပေါင်း (၄၁၀)ဦး၊ ကုသဆဲ (၁၈)ဦး၊ သေဆုံးသူပေါင်း (၁၁)ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ (၅) ရက်နေ့မှ ယနေ့ထိ ပိုးတွေ့ အတည်ပြုလူနာ (၁၅၂)ဦး၊ ဆေးရုံဆင်းသူပေါင်း (၁၃၇) ဦး၊ ကုသဆဲ(၅) ဦး၊ သေဆုံး(၁၀)ဦး၊ မိုင်းစံတိုက်နယ်ဆေးရုံတွင် သြဂုတ်လ (၁၁) ရက်နေ့မှ ယနေ့ ထိပိုးတွေ့ အတည်ပြုလူနာ (၆)ဦး၊ ဆေးရုံဆင်းသူ(၆)ဦးရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက် နေ့မှ ယနေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း (၅၉၇)ဦး၊ ဆေးရုံဆင်းသူပေါင်း (၅၅၃) ဦး၊ သေဆုံးသူ (၂၁) ဦး ရှိပြီး အတည်ပြု လူနာ(၂၃)ဦး ကျန် ရှိနေသေးကြောင်း သိရသည်။
တောင်ပေါ်သူ (မိုင်းရှူး)