မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ

မိုးကုတ်   နိုဝင်ဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ခြင်းကိုအသက်(၁၈)ပြည့်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသူများအား မိုးလုံလေလုံခန်းမ၊ချောင်းကြီးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျပ်ပြင်ပတ္တမြားရတနာခန်းမတို့တွင် နိုဝင်ဘာလ(၁၉)ရက်နေ့မှစတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် (၂၂.၉.၂၀၂၁)ရက်နေ့မှ (၁၉.၁၀.၂၀၂၁)ရက်နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအားလည်း ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး လျက်ရှိပြီးနေ့စဉ်နံနက်(၉)နာရီမှနေ့လည်(၁၂)နာရီအတွင်း လာရောက်ထိုးနှံနိုင်ကြောင်းမြို့ နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အထောက်အကူပြုအဖွဲ့မှ သိရသည်။

နန်းခွာညိုနှင်း